What is Veracrypt?


Vera Crypt

WWW.bit.ly/veracrypt 411 ကနေ download ဆွဲချပြီး အခမဲ့ သုံးနိုင်ပါတယ်။ Encryption tool အားလုံးထဲမှာ Veracrypt ဟာ သုံးရစွဲရလွယ်တာနဲ့ feature စုံလင်တာကို မျှတအောင် လုပ်ပေးထားပါတယ်။ သူ့ကိုအခြေခံထားတာက အရင်နာမည်ကြီး Truecrypt ဖြစ်ပါတယ်။ Truecrypt ကို မူလ Software ရေးသူတွေ စွန့်လွှတ်သွားခဲ့ပါပြီ။ ဒါကြောင့် နှောင်းလူတွေက VeraCrypt ကို ဆက်ပြီး ဖန်တီးတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ encryption လိုအပ်ချက်အားလုံးကို Veracrypt က ဖြည့်ဆည်းပေးနိုင်ပါတယ်။ Drive ကြီးတစ်ခုလုံးကို encrypt လုပ်ချင်တာလား။ ရတယ်။ ဖိုင်နည်းနည်းပါးပါးပဲ encrypt လုပ်ချင်တာလား။ ဖြစ်တယ်။


Encrypt လုပ်တဲ့ ဖိုင်တွေ ထည့်ဖို့အတွက် Password နဲ့ ပိတ်ထားတဲ့ Container တစ်လုံးလိုပါတယ်။ အဲဒါကို volume လို့ခေါ်ပါတယ်။ အဲဒီ Container ကို ခေါ်တင်လိုက်မယ်။ တစ်နည်းပြောရရင် mount လုပ်လိုက်မယ်ဆိုပါစို့။ သူက standard drive တစ်ခုလိုပဲ windows explorer ထဲမှာ လာပြီးပေါ်ပါမယ်။ ပြီးရင် volume ကိုဖွင့်မယ်။ ထည့်ချင်သလောက်ဖိုင်တွေကို အဲဒီအထဲထည့်မယ်။ အလုပ်လုပ်စရာတွေ လုပ်မယ်။ ပြီးရင် အဲဒီ volume ကို unmount လုပ်ပြီး ဖြုတ်ချလိုက်မယ်။ Password သုံးပြီး မဖွင့်နိုင်သရွေ့ အဲဒီထဲက ဖိုင်တွေကို သုံးနိုင်မှာ မဟုတ်ပါဘူး။ Password တစ်ခါပေးပြီး ဖွင့်ထားရင်လည်း အထဲက ဖိုင်တွေကို အကြိမ်ကြိမ် password ပေးပြီး ဖွင့်စရာမလိုပါဘူး။ 


Unmount လုပ်လိုက်တဲ့အချိန်ကစပြီး volume ထဲမှာ ကိုယ်သိမ်းထားတဲ့ ဖိုင်တွေကို encrypt လုပ်လိုက်ပါပြီ။ သူတို့ windows explorer ထဲမှာ မတွေ့နိုင်တော့ပါဘူူး။ အဲဒီ volume ထဲဆွဲထည့်သမျှဖိုင်တွေဟာ အလိုအလျောက် encrypt ဖြစ်ပါတယ်။ Volume စပြီး ဖန်တီးတဲ့အချိန်မှာ veracrypt က စံသတ်မှတ်ထားတဲ့ encryption စနစ် ဆယ်မျိုးထဲက တစ်မျိုးကို ရွေးခွင့်ပေးပါတယ်။ အဲဒါ စနစ်ထဲမှာ နာမည်ကြီး AES, Twofish နဲ့ serpent တွေ ပါပါတယ်။ Password ဖန်တီးတဲ့အခါမှာလည်း character အလုံးနှစ်ဆယ်လောက်ပါတဲ့ ရှုပ်ရှုပ်ထွေးထွေး password မျိုး ဖန်တီးနိုင်ပါတယ်။ မှားလိုက်ပြင်လိုက်နည်းနဲ့ အဓမ္မကြိုးစားပြီး ဖောက်မယ့် ဟက်ကာတွေရန်က လုံခြုံစေဖို့ ဖြစ်ပါတယ်။


လုံခြုံမှုပိုအားကောင်းစေချင်ရင် နောက်ထပ် လုံခြုံမှုစနစ်တစ်ခု ထပ်ပြီး ခံနိုင်ပါတယ်။ အဲဒါက key ဖိုင်တစ်ခု ထပ်ပြီး ပိုးတာပါ။ ဒီဖိုင်ဟာ ဓာတ်ပုံတစ်ပုံဖြစ်နိုင်သလို သီချင်းတစ်ပုဒ်လည်း ဖြစ်နိုင်ပါတယ်။ အလွယ်တကူနဲ့ ပုံပြောင်းမသွားနိုင်တဲ့ ဖိုင်တစ်ခုခုဖြစ်ရင်ရပါပြီ။ ကိုယ့်ရဲ့ volume ကို ခေါ်တင်တဲ့အခါ password ဖြည့်ပေးတဲ့ အပြင် key ဖိုင်ကိုပါ ရွေးပေးရမှာဖြစ်ပါတယ်။ Feature စုံလင်ပြီး အားကောင်းတဲ့ tool ဖြစ်လို့ veracrypt ဟာ 7-Zip နဲ့ AES Crypt တွေထက်စာရင် လှည့်ကွက်ကလေး တွေရှိပါတယ်။ ဒါပေမဲ့ software စသုံးချိန်မှာ tutorial တစ်ခုပါလာမှာမို့ အများကြီးအထောက်အကူရပါလိမ့်မယ်။ Tutorial မှာ ပြပေးတဲ့ အဆင့်တစ်ဆင့်ချင်းလိုက်လုပ်ပြီး ပထမဆုံး volume ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ပါလိမ့်မယ်။ 


Vera Crypt ကို portable software အနေနဲ့လည်း သုံးနိုင်ပါတယ်။ ကွန်ပျူတာတွေ အများကြီးပေါ်မှာ veracrypt နဲ့ ဖန်တီးထားတဲ့ encrypted volume တွေကို ဖွင့်ချင်ရင် portable ပုံစံက အများကြီးအသုံးတည့်ပါတယ်။ ကွန်ပျူတာတစ်လုံးစီပေါ်မှာ vera crypt ကို လိုက်ပြီး install လုပ်စရာမလိုဘဲ encrypted volume တွေ ဖန်တီးနိုင်ပါမယ်။ 7-Zin နဲ့မတူတာက self- extracting archive မဖန်တီးနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် volume ရထားရင်တောင် decrypt လုပ်ဖို့အတွက် vera crypt ဟာ ပုံစံတစ်မျိုးမျိုးနဲ့ လက်ထဲမှာရှိနေရာမှာဖြစ်ပါတယ်။ ဒါ့အပြင် volume တွေခေါ်တင်တဲ့အခါမှာ နည်းနည်းနှေးတဲ့ အားနည်းချက်ရှိပါတယ်။ ဖိုင်တွေအများကြီး encrypt လုပ်ချင်တယ်ဆိုရင် vera crypt က အကောင်းဆုံးဖြစ်ပါတယ်။


7- Zip

www.7-zip.org ကနေ download ချပြီး အခမဲ့ သုံးနိုင်ပါတယ်။ သူက light weight archiving tool ပါ။ သူ့ရဲ့ compression နဲ့ extraction ကို ကွန်ပျူတာသုံးတဲ့လူအတော်များများ ရင်းနှီးကြပါတယ်။ 7- Zip ဟာ ဖိုင်ချုံ့တဲ့ tool သာမကဘဲ အားကောင်းတဲ့ encryption tool လည်း ဖြစ်ပါတယ်။ ZIP ဖိုင် ဒါမှမဟုတ် 7 Z archive လုပ်တဲ့ တစ်ချိန်တည်းမှာပဲ AES-256 ဝှက်စာစနစ်နဲ့ သက်ဆိုင်ရာနေရာမှာ password ထည့်ပေးပြီး encrypt လုပ်နိုင်ပါတယ်။


ဖိုင် compress လုပ်တဲ့ တစ်ချိန်တည်းမှာ password သုံးပြီး encrypt လုပ်မယ်ဆိုရင် အချိန်နည်းနည်းပိုကြာပါမယ်။ Encrypted ဖိုင်တွေကို share လုပ်နိုင်တာက 7-zip ရဲ့ အားသာချက်ဖြစ်ပါတယ်။ Create SFX archive နေရာဘေးက လေးထောင့်ကွက်ထဲမှာ အမှန်ခြစ်ပေါ်အောင်လုပ်ပြီး self- extracting archive ကို တခြားလူဆီပို့နိုင်တယ်။ ဖိုင်ဖွင့်မယ့် လူဆီကို password ပို့ပြီး decrypt လုပ်ခွင့်ပြုနိုင်ပါတယ်။ ဒီလိုကိစ္စအတွက် software ရှိဖို့ မလိုတာကလည်း သဘောကျစရာကောင်းပါတယ်။ ဒါပေမဲ့ ဖိုင် format က 7- zip ဖြစ်မှ ဒီလိုလုပ်လို့ရမှာပါ။ 7 zip ဟာ မူလက compression tool ဖြစ်လို့ ဖိုင်တွေကို archive မလုပ်ဘဲ encrypt လုပ်လို့မရတဲ့ အားနည်းချက်ရှိပါတယ်။


AES Crypt

www.aescrypt.com ကနေ download ချပြီး အခမဲ့ သုံးနိုင်ပါတယ်။ Windows, Mac နဲ့ Linux တွေမှာသုံးနိုင်တဲ့ open-source encryption tool ဖြစ်ပါတယ်။ AES 256 ဝှက်စာသွင်းစနစ်ကို အသုံးပြုထားပြီး encryption tool တွေထဲမှာ အရိုးရှင်းဆုံးဖြစ်ပါတယ်။ ကိုယ်ဝှက်စာသွင်းချင်တဲ့ ဖိုင်ပေါ်မှာ ညာကလစ်ထောက်ပြီး ပေါ်လာတဲ့အကွက်ထဲကနေ AES encrypt ရွေးပြီး တောင်းလာတဲ့အကွက်ထဲမှာ password ထည့်ပေးရပါမယ်။ AES ကနေ အဲဒီဖိုင်ကို မူပွားပြီး .aes နဲ့ ဒုတိယဆင့် ဖိုင်ကို ထုတ်ပေးပါတယ်။


Encrypt လုပ်ထားတဲ့ဖိုင်ကို ဘယ်ကလစ်နှစ်ချက်ထောက်ပြီး ဖွင့်လိုက်တဲ့အခါမှာ password တောင်းပါမယ်။ မှန်အောင်ထည့်ပေးနိုင်ရင် decrypted ကို ဖန်တီးပြီး ပြပေးပါမယ်။ AES ဟာ ဖိုင်တစ်ခုချင်းရွေးပြီး Encrpt လုပ်နိုင်တဲ့အတွက် အလုပ်လုပ်ရတာ မြန်ပြီး ရိုးရှင်းပါတယ်။ Encrypt လုပ်ထားတဲ့ဖိုင်ကို ပြန်ဖွင့်မယ်ဆိုရင် အဲဒီဖိုင်တွေကို ရွေးပြီး ညာကလစ်ထောက် ရပါမယ်။ ပေါ်လာတဲ့အကွက်ထဲက AES Decrypt ကို ရွေးရပါမယ်။ ပြီးရင် password မှန်အောင် ထည့်ပေးရပါမယ်။ ရိုးရှင်းတယ်ဆိုပေမယ့် ဖိုင်တစ်ခုကို encrypt လုပ်တိုင်း encrypted နဲ့ decrypted ဆိုပြီး ဖိုင်နှစ်ဖိုင်ပွားတာမို့ နေရာစားတာကိုလည်း သည်းငြည်းခံရပါလိမ့်မ