Creating Data Images

ဒေတာပုံများ ဖန်တီးခြင်


ဒေတာပုံများ ဖန်တီးခြင်းဟာ အချက်အလက်ကို အခြေခံသော ပရောဂျက်တိုင်းအတွက် အရေးပါဆုံး ဖြစ်ပါတယ်။ မိမိ ပြောချင်သော အကြောင်းအရာအချက်အလက်များကို စာဖတ်သူ (သို့) အသုံးပြုသူ နားလည်အောင် လွယ်လွယ်ကူကူ နဲ့ ထိထိရောက်ရောက်ပြသပေးရမှာ ဖြစ်ပါတယ်။  သတင်းဆောင်းပါးများ၊ (သို့မဟုတ်) website/dashboard ထဲမှ ဒေတာများကို ရှုပ်ယှက်ခပ်နေအောင် မပြသသင့်ဘဲ မှန်ကန်သော chart အမျိုးအစားများ ရွေးချယ်ပြီး ပြသနိုင်ရန် လိုအပ်ပါတယ်။ ထို့အပြင် သေသပ်လှပစွာ တင်ဆက်နိုင်ဖို့လည်း လိုပါသေးတယ်။ ထို့မှသာ မိမိတင်ပြလိုသော အချက်အလက်များက  အများပြည်သူဆီသို့ ထိရောက်လျင်မြန်စွာ ပျံ့နှံ့နိုင်မှာ ဖြစ်ပါတယ်။ 


ဒေတာရှင်းလင်းခြင်း 

‌chartများ မြေပုံများ မဖန်တီးခင်မှာ မိမိအသုံးပြုမည့်ဒေတာကို ရှင်းလင်းထားရန် အထူးလိုအပ်ပါတယ်။ ဒေတာများကို scraping လုပ်၍ ရယူရာတွင် မူလပုံစံနှင့် မတူတော့ဘဲ အထားအသိုပြောင်းလဲတတ်ပါတယ်။ ထို့ကြောင့် ရရှိလာသောဒေတာများကို အနည်းငယ် ရှင်းလင်းပြီး မူလပုံစံအတိုင်းဖြစ်အောင် ပြောင်းလဲပြီးမှသာ မိမိ လိုချင်သော ပုံများရအောင် ဖန်တီးသင့်ပါတယ်။ ယခုသင်ခန်းစာတွင် တိုင်းနှင့်ပြည်နယ်အလိုက် ဆေးရုံဆိုင်ရာ availability & utilization အကြောင်းကို chart နှင့် မြေပုံများ ဖန်တီးမှာဖြစ်ပါတယ်။ ထို့ကြောင့် ဒေတာအတွက် Hospital Statistics report 2014-2016 မှ ဇယား နံပါတ် ၆ ကို Tabula ဖြင့် ရယူပြီး မူရင်းစာတမ်းထဲမှ ပုံစံမျိုးပြန်ဖြစ်အောင် အောက်ပါအတိုင်း ရှင်းလင်းပါမယ်။

စာတမ်းထဲက အတိုင်း ‌‌column နာမည်များနှင့် ဒေတာများ အံဝင်ခွင်ကျ ဖြစ်ပြီဆိုလျှင် မိမိ လုပ်ဆောင်လိုသော ပုံများဖန်တီးရန် အဆင်သင့် ဖြစ်ပါပြီ။ 

မှတ်ချက် *** ပုံများဖန်တီးရန် ဒေတာများကို manipulate မလုပ်ခင်တိုင်း မူလဒေတာကို backup လုပ်ထားပါ။  သို့မှသာ အမှားအယွင်း တစုံတခု ပြုလုပ်မိလျှင် original ဒေတာ ကို ပြန်လည်ရယူ အသုံးပြုနိုင်ပါမည်။


လုပ်ငန်းစဥ် ၁ - chart ဖန်တီးခြင်း (Google Sheets)


ပထမဆုံးသင်ခန်းစာအနေနဲ့ တိုင်းနှင့်ပြည်နယ်တခုချင်းစီ၏ ဆေးရုံအ‌‌ရေအတွက်ကို chart ဆွဲကြည့်ရအောင်! “Chart (Number of hospitals)” ဟူ၍ sheet တစ်ခုခွဲပြီး လိုအပ်သောဒေတာများကိုသာ ဆွဲထုတ်ပါ။ ၂၀၁၄ မှ ၂၀၁၆ ထိ သုံးနှစ်စာ ဒေတာဖြစ်သည့်အတွက် “year” အတွက် column သုံးခုရှိရပါမယ်။ 

Column တွေကပုံပါအတိုင်း ဖြစ်ပါတယ် :

  • Column A : States & Regions

  • Column B : Total number of hospitals (2014)

  • Column C : Total number of hospitals (2015)

  • Column D : Total number of hospitals (2016)

ယခုဆိုလျှင် chart တစ်ခု စတင်ဖန်တီးနိုင်ပါပြီ။


၁)မိမိရဲ့ဒေတာကို select လုပ်၍ Taskbar ထဲမှ Insert ကို ရွေးပြီး Chart ကိုနှိပ်ပါ။ 


၂)default setting များနှင့် chart တစ်ခု‌ ပေါ်လာပါမယ်။ ပုံထဲမှ ခေါင်းစဥ်နေရာကိုနှိပ်ပြီး chart ရဲ့ ခေါင်းစဥ် ကိုပြောင်းနိုင်ပါတယ်။ 

၃)chart editor ဆိုသည်မှာ မိမိရဲ့ chart ပုံစံကို လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်သော tool ဖြစ်ပါတယ်။ chart အမျိုးအစားအပြင် ကျန်တဲ့ setting များကို မိမိကြိုက်သလို ပြောင်းနိုင်ပါတယ်။


၄)chart ကို မိမိစိတ်ကြိုက် ဖန်တီးပြီးပြီဆိုလျှင် ညာဘက်ထောင့်မှ   ကိုနှိပ်ပြီး Download ကိုနှိပ်၍ ရယူနိုင်ပါပြီ။



လုပ်ငန်းစဥ် ၂ - chart ဖန်တီးခြင်း (Data Wrapper)


ဒုတိယသင်ခန်းစာကတော့ တိုင်းနှင့်ပြည်နယ်တခုချင်းစီ၏ ဆေးရုံအ‌‌ရေအတွက်ဒေတာကိုသုံးပြီး chartတစ်ခု ထပ်မံဖန်တီးပါမယ်။ ဒီတခါ‌တော့ အင်တာနက်ပေါ်ကနေ free သုံးနိုင်တဲ့ Datawrapper သုံးပြီး ဖန်တီးမှာဖြစ်ပါတယ်။ Datawrapper ဟာဆိုရင် chart အမျိုးအစားများစွာကို အလွယ်တကူပြုလုပ်လို့ရတဲ့ tool တစ်ခုဖြစ်ပါတယ်။ ပုံမှန် spreadsheet software များဖြစ်တဲ့ excel, google sheets များထက် function ပိုစုံသည့်အတွက် သုံးသင့်သော tool တစ်ခုဖြစ်ပါတယ်။ 

၁)https://www.datawrapper.de/ ကိုဝင်ပါ။ Datawrapper ကို account ‌ဖွင့်စရာမလိုဘဲ တိုက်ရိုက်သုံးနိုင်ပါတယ်။ အဖွဲ့အစည်းနဲ့အတူ chart များဖန်တီးမယ်ဆိုလျှင်တော့ account ဖွင့်ထားနိုင်ပါတယ်။ START CREATING ခလုတ်ကိုနှိပ်ပြီး chart များစတင်ဖန်တီး နိုင်ပါပြီ။



၂)‌Datawrapper ရဲ့ main page မှာ အဓိက feature လေးခုရှိပါတယ်။ ပုံတွေဖန်တီးမည်ဆိုလျှင် ထို feature များကို တစ်ဆင့်ချင်းစီလုပ်ဆောင်ရပါမယ်။ ပထမဆုံး အဆင့်ကတော့ ဒေတာသွင်းသည့်အဆင့် Upload Data ပဲဖြစ်ပါတယ်။

၃)မိမိကြိုက်တဲ့ပုံစံ အတိုင်း ဒေတာသွင်းနိုင်ပါတယ်။ ယခု သင်ခန်းစာမှာတော့ copy & paste လုပ်ပြီး ဒေတာသွင်းပါမယ်။ chart (Number of hospitals) sheet ထဲမှဒေတာများကို select လုပ်ပြီး ကူးထည့်ပေးပါ။ ထို့နောက် ဆက်လက်လုပ်ဆောင်ရန် Proceed ကိုနှိပ်ပါ။


၄)Check & Describe အဆင့်မှာ ဒေတာပုံစံမှန်မမှန် ကိုပြန်စစ်နိုင်ပါတယ်။ column ထပ်ထည့်ခြင်းများ၊ rows နဲ့ columns ချိန်းခြင်းများလည်း ပြုလုပ်လို့ရပါတယ်။ Proceed ကိုနှိပ်ပြီး နောက်တစ်ဆင့်ကို ဆက်သွားပါ။


၅)ဒီအဆင့်ကတော့ Visualize လုပ်တဲ့အဆင့်ဖြစ်ပါတယ်။ Chart အမျိုးအစားရွေးချယ်ခြင်း၊ Refine လုပ်ခြင်း၊ Annotate လုပ်ခြင်း၊ Design ပြောင်းခြင်းများကို ပြုလုပ်နိုင်ပါတယ်။


၆)မိမိကြိုက်နှစ်သက်သည့်အတိုင်း setting များပြောင်းလဲပြီးပါက Proceed ခလုတ်ကိုနှိပ်နှိပ်ပေးပါ။


၇)chart နဲ့ပတ်သက်၍ မိမိစိတ်တိုင်းကျ ပြင်ဆင်ပြီးပါက Publish ခလုတ်ကိုနှိပ်ပါ။

၈)နောက်ဆုံးအဆင့်ဖြစ်တဲ့ Publish & Embed အဆင့်မှာ ဖန်တီးပြီးတဲ့ chart ကို ရယူနိုင်ပါပြီ။ Publish chart ခလုတ်ကိုနှိပ်ပါ။


၉)publish လုပ်ပြီးပြီဆိုပါက re-publish chart ဟူ၍ ပြောင်းသွားသည်ကိုတွေ့ရမည်။ chart ရဲ့ link ကိုတိုက်ရိုက်ကူး၍သော်လည်းကောင်း၊ website များအတွင်း embed လုပ်၍သော်လည်းကောင်း ပြန်လည်အသုံးပြုနိုင်ပါသည်။




လုပ်ငန်းစဥ် ၃ - မြေပုံ ဖန်တီးခြင်း


နောက်ဆုံးသင်ခန်းစာအနေနဲ့ ဆေးရုံအရေအတွက် ဒေတာကို တိုင်းနှင့်ပြည်နယ်အလိုက် မြေပုံပေါ်မှာ ပြသပေးမှာဖြစ်ပါတယ်။ chart အတွက်သုံးထားတဲ့ ဒေတာတွေကို မြေပုံနဲ့ကိုက်ညီအောင် အနည်းငယ်ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ တိုင်းနှင့်ပြည်နယ်များကို အက္ခရာအလိုက် စဥ်ပေးပါ။ ထို့အပြင် datawrapper တွင် မြေပုံဆွဲရာတွင် value တစ်ခု (column တစ်ခု) သာလက်ခံသည့်အတွက် မိမိဒေတာကို အောက်ပါ map (Number of hospitals) sheet အတိုင်း လိုက်လျောညီ‌‌ထွေဖြစ်အောင် ပြောင်းလဲထားပါ။ 

ထိုသို့ ဒေတာအဆင်သင့်ဖြစ်လျှင် မြေပုံစတင်ဆွဲနိုင်ပါပြီ။

၁)မြေပုံအသစ်တစ်ခု ဖန်တီးတော့မှာဖြစ်တဲ့အတွက် New Map ကိုရွေးချယ်ပြီး Choropleth map ကိုနှိပ်ပေးပါ။ Choropleth ဆိုသည်မှာ ပုံမှန်မြေပုံများဖန်တီးရာတွင် အသုံးပြုသော map အမျိုးအစားဖြစ်ပါတယ်။

၂)ထို့နောက် မြေပုံဖန်တီးဖို့အတွက် feature လေးခုတွေ့ရပါလိမ့်မယ်။ ပထမဆုံးအဆင့်ဖြစ်တဲ့ Select your map မှာ အောက်ခံမြေပုံကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Myanmar >> States ကို‌‌‌ရွေးချယ်ပြီး Next နှိပ်ပေးပါ။

၃)Add your Data အဆင့်မှာ‌ မြေပုံအတွက် သက်ဆိုင်ရာ valueများ ထည့်ပေးရမှာဖြစ်ပါတယ်။ Map (Number of hospitals) sheet ထဲမှ တိုက်ရိုက်ကူးယူ ရုံပါပဲ။ ယခု သင်ခန်းစာအတွက် ၂၀၁၄ ခုနှစ်ဒေတာကို အရင်ဆုံး အသုံးပြုပါမယ်။ ထို့နောက် Proceed ကိုနှိပ်ပါ။

၄)တတိယအဆင့် Visualize မှာ မြေပုံ design ကို ပြောင်းလဲနိုင်ပါတယ်။ မိမိစိတ်ကြိုက်ပြောင်းလဲပြီး Proceed နှိပ်နှိပ်ပေးသွားပါ။

၅)မြေပုံကို စိတ်တိုင်းကျပြင်ဆင်ပြီးလျှင် Publish ကိုနှိပ်ပါ။

၆)နောက်ဆုံးအဆင့် Publish & Embed မှာ မြေပုံကို ရယူနိုင်ပါပြီ။ 

ဆက်လက်လေ့ကျင့်ရန်

၇)၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့အတွက်လည်း အလားတူ မြေပုံများ ဖန်တီးကြည့်နိုင်ပါသည်။