BASIC ANDROID SECURITY SETUP GUIDE

BASIC ANDROID SECURITY SETUP GUIDE

Android ဖုန်းတစ်လုံးလုံခြုံဖိုလို့ပြောလိုက်မယ်ဆိုရင် သင့်ဖုန်းရဲ့ setting တွေကိုထဲ့သွင်းစဉ်းစားသင့်ပါတယ် သင့်ဖုန်းထဲမှာရှိတဲ့ setting တွေကို သေချာမသိဘူးဆိုရင်တော့ သင့်ဖုန်းရဲ့ လုံခြုံရေးအားကာင်းမူဟာ 
အထိုက်အသင့်တစ်ခုအထိပဲရှိနေမှာ အမှန်ပါပဲ။ မည်သို့ပင်ဆိုစေကာမူ သင့်ဖုန်းကိုဘယ်လိုလုံခြုံအောင်သုံးရမလဲဆိုတာကိုတော့သိထားသင်ပါတယ်။

Android ဖုန်း၏ အခြေခံ လုံခြုံရေး တည်ဆောက်ခြင်း


ဆင်းမ်ကဒ်ကို သော့ခတ်


ဆင်းမ်ကဒ်ကို သော့ခတ်လိုရင်၊ System -> Security -> Sim and Lock Settings<ကို သွားပြီး ပြုလုပ်နိုင်တယ်။ ဆင်းမ်ကဒ်တွေကို သော့ခတ်ချင်တယ်ဆိုရင်တော့ သေချာစဉ်းစားပီးမှခတ်စေချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆင်းမ်ကဒ် တွေရဲ့ ပင်ကုဒ်တွေကိုမှတ်မိနေဖို့လို ဆင်းမ်ကဒ်ဝယ်ရင် ပါတဲ့ ပင်ကုဒ်လေး

တွေဟာ အလွယ်ပြောရရင် ဆင်းမ်ကဒ်ရဲ့ အိုင်ဒီလေးတွေပါ။ ဆင်းမ်ကဒ်လော့ကျသွားတယ်ဆိုရင်တော့ အဲ့ကုဒ်

လေးတွေရှိမှပဲ လော့ကျတာကိုပြန်ဖြည်လို့ရမှာပါ။


ဖုန်းမျက်နှာပြင်ကိုသော့ခတ်ကြမယ် (Screen Lock)


ဖုန်း မျက်နှာပြင်ကို သော့ခတ်လိုရင်၊ System > Security -> lock screen ကို သွားပြီး ပြုလုပ်နိုင်တယ်။ "PIN" ဒါမှမဟုတ် "Password" ခေါ် စကားဝှက်ကိုအသုံးပြုဖို့ အကြံပြုလိုတယ်။ အဲဒီ "PIN" သို့မဟုတ် "Password" တွေရဲ့ အရှည်ကို ကန့်သတ်ချက်မထားဘူးဆိုရင် သင့်ဖုန်းပျောက်သွားတာသို့မဟုတ်

ရည်ရွယ်ချက်ရှိရှိခိုးယူခံလိုက်ရပီဆိုရင် သင့်အကောင့်တွေ သင့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပါသွား

နိုင်ပါတယ်။

စကားဝှက်တွေကို အကောင့်တစ်ခုထက်ပိုပြီး ပြန်ပြန်သုံးတာက လုံခြုံမှု မရှိပါဘူး။ သင် ခဏခဏ ပြန်ပြန်သုံးလေ့ရှိတဲ့ စကားဝှက်တစ်ခုကို တစ်ယောက်ယောက်က ရသွားပြီဆိုရင် သင့်ရဲ့ အကောင့်တော်တော်များများကို သူတို့က ဝင်လို့ ရသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အားကောင်းပြီး စကားဝှက်တစ်ခုကို အကောင့်တစ်ခုမှာပဲ သုံးတာက ပိုကောင်းပါတယ်။ စကားဝှက်တွေ အရမ်းများနေတဲ့အခါ ဘယ်လိုမျိုး မှတ်မိနိုင်မှာလဲ၊ ဘယ်လိုမျိုး စီမံခန့်ခွဲလို့ ရတယ်ဆိုတာကိုတော့ ဒီမှာ (XXXXX) သွားပြီး အသေးစိတ် ဖတ်လို့ရပါတယ်။ 


အားကောင်းတဲ့ စကားဝှက်တစ်ခုဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

စကားဝှက် နဲ့ ပတ်သက်တဲ့ သတိပေးချက်တွေကို မကြာခဏ ကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ အက္ခရာတွေ သုံးဖို့နဲ့ စာလုံးအကြီးအသေးတွေ သုံးကြဖို့ ၊ စာလုံးအရေအတွက်များများသုံးကြဖို့နဲ့ စာလုံးတွေကို အစီအစဥ်လိုက် မသုံးကြဖို့ (abcd၊ 1234) ဆိုတဲ့ သတိပေးချက်တွေကို မကြာခဏ မြင်တွေ့နေရတက်ပါတယ်။ 


စကားဝှက်တွေ ပေးပြီဆိုရင် သင့်ရဲ့ မွေးနေ့၊ နာမည်၊ ကိုယ်ချစ်တဲ့သူတွေရဲ့ နာမည် ၊ username အတိုင်းပဲ ကို စကားဝှက်မှာလည်း အတူတူပြန်ပေးတာ၊ ဂဏာန်းတွေကို အစဉ်လိုက် ( 1234 ) ပေးတာမျိုး မလုပ်သင့်ပါဘူး။ 


စကားဝှက်ကို စကားစုအနေနဲ့ ကျပန်းစကားလုံးသုံးလုံးနဲ့အထက် တွဲပြီး ပေးတာမျိုးက ပိုပြီးအားကောင်းစေပါတယ်။ ဥပမာ - RiverCountryShoesPowerSocket 


နောက်တစ်နည်းက စာကြောင်းတစ်ခုအနေနဲ့ ပေးတာ။ ဥပမာ - Iwenttothemarkettoday/ Iw3nt2th3m@RKET2day


ဖုန်း စာဝှက်ခြင်း


 အကယ်လို့ မိမိရဲ့ Android ဖုန်းဟာ ဗားရှင်း ၄.၀ သို့မဟုတ် အထက်မှာ ရှိတယ်ဆိုရင်၊ ဖုန်း စာဝှက်စနစ်ကို ဖွင့်လိုက်ပါ။ <em>Settings -> Security -> Encryption</em> ကို သွားပြီး

လုပ်ဆောင်နိုင်တယ်။ ဖုန်းကို စာဝှက်ခြင်း မပြုခင်၊ အထက်မှာ ဖေါ်ပြခဲ့သလို၊ ဖုန်းမျက်နှာပြင်ကို သော့ခတ်တဲ့ စကားဝှက် တစ်ခု သတ်မှတ်ဖို့ လိုအပ်လိမ့်မယ်။


<strong>မှတ်ချက်။</strong> စာဝှက်တဲ့ လုပ်ငန်းစဉ်ကို မစတင်မီ၊ ဖုန်းကို အား အပြည့် သွင်းထားပြီး လျှပ်စစ် ပလပ်ပေါက်ထဲ ထည့်ထားပါ။


၁.၃ ကွန်ရက် ချိန်ညှိချက်များ


ပုံမှန် အနေနဲ့ Wi-Fi နဲ့ Bluetooth ကို ပိတ်ထားပါ။ Mobile network settings ထဲက Internet tethering ကို ပိတ်ထားရမှာ ဖြစ်တယ်။


အဆင့် ၆။ အကယ်လို့ ဖုန်းမှာ Near Field Communication (NFC) ကို ပံ့ပိုးပေးထားတယ် ဆိုရင်၊ အဲဒီကို ပိတ်ထားလိုက်ပါ။ ပုံမှန်အားဖြင့် ၎င်းကို ဖွင့်ထားလေ့ရှိတယ်။


တည်နေရာ ချိန်ညှိချက်များ


Location services အေက်မှာ ရှိတဲ့ wireless and gps နဲ့ <em>data manager -> data delivery</em> အောက်မှာ တွေ့ရတဲ့ mobile data ကို ပိတ်ထားပါ။


မှတ်ချက် - တည်နေရာ ချိန်ညှိချက်များကို လိုအပ်တဲ့အခါမှသာ ဖွင့်ပါ။ အဲဒီ ဝန်ဆောင်မှုတွေကို ပုံမှန်အားဖြင့် ဖွင့်မထားဖို့ အရေးကြီးတယ်။ ဒါမှသာ မိမိရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ အန္တရာယ်


နည်းပါးသွားမယ်၊ ဘက်ထရီ အား သက်သာမယ်။ နောက်ခံမှာ အလုပ်လုပ်နေတဲ့ လုပ်ငန်းသုံး ကိရိယာ တစ်ခုခု (သို့) လက်ကိုင်ဖုန်း ဝန်ဆောင်မှု ဌာနက အဝေးကနေ ဒေတာ စီးဆင်းမှုကို ထိန်းချုပ်နိုင်တဲ့


အနေအထား လျှော့နည်းစေနိုင်မှာ ဖြစ်တယ်။


ဖုန်းခေါ်ဆိုသူ အထောက်အထား


မိမိရဲ့ caller-ID ကို ဖျောက်ထားလိုရင်၊ <em>Phone Dialler -> settings -> additional settings -> Caller ID -> hide number</em> ကို သွားပြီး လုပ်ဆောင်နိုင်တယ်။


အန်းဒရွိုက် ဖုန်းတစ်လုံးမှာ လုံခြုံရေး ချိုးဖောက်ခြင်း (Root ဖောက်ခြင်း)


သင်သည် အန်းဒရွိုက်ဖုန်းအသုံးပြုသူဆိုရင် သိထားသင့်တဲ့အချက်လေးတွေရှိပါသေးတယ် သင့်ဖုန်းကို root ဖောက်လိုက်ခြင်းကို မိုဘိုင်းဖုန်း ကုမ္ပဏီများက တားမြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သင် root ဖောက်

လိုက်ပီဆိုရင် ဆော့ဖျဝဲ အမြင့်တွေပေးတဲ့အချိန်ကြရင် မြင့်တင်ပိုင်ခွင့်မရှိတော့ပါဘူး။ root ဖောက်ထားသောဖုန်း

များဟာ လုံခြုံမူအားနဲတက်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် root ဖောက်လိုက်ပီဆိုတာနဲ့ အန်းဒရွိုက် စနစ်ကြီး

တစ်ခုလုံးကို ကိုယ်ကြိုက်တဲ့ ပုံစံပြောင်းလဲပြစ်လို့ရလို့ပဲဖြစ်ပါတယ်။ ဆော့ဖျဝဲအကြောင်းတွေကိုနားလည်သူ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်နိုင်သူဆိုရင်တော့ root ဖောက်ပီးအသုံးပြုလို့ရပါ

တယ်။သာမာန်အသုံးပြုသူတစ်ယောက်အနေနှင့်ဆိုရင် root ဖောက်ပီးမသုံးပါဘူး။မိုဘိုင်းကုမ္ပဏီများရဲ့သက်မှတ်

ချက်များအရ root ဖောက်အသုံးပြုသူများကို အာမခံချက်(warranty) မပေးတော့ပါဘူး။

အခုနောက်ပိုင်းမိုဘိုင်းဖုန်းများဟာ အရမ်းကိုအဆင့်မြင့်လာကြပါပီ အလိုလျှောက်ဝှက်စာစနစ်တွေပါဝင်လာပီ

CPU ရဲ့ လုပ်ဆောင်မူစွမ်းအားတွေကလဲအရင်ကထက်စာရင်မြင့်မားလာပါပီ ။ ကျန်ုပ်တို့ဖုန်းဝယ်မယ်ဆိုရင်

သတိထားရမှာက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ပေးနိုင်မဲ့ လုံခြုံမူရှိတဲ့ဖုန်းများ

ကိုရွေးဝယ်ရန်လိုအပ်ပါတယ် ။ ကင်မရာကောင်းတာလေးတစ်ခုအတွက်နဲ့ ဖုန်းတစ်လုံးဝယ်မယ်ဆိုရင်တော့

စဉ်းစားစေချင်ပါတယ်။


 https://securityinabox.org မှကိုးကားရေးသားချင်းဖြစ်ပါသည်။