8 Characteristics of Adult Learning

8 Characteristics of Adult Learning

သင်တန်းတွေ လုပ်တဲ့အခါမှာ စိတ်ပျက်တာတွေ မဖြစ်အောင်အတွက်အထောက်အကူဖြစ်အောင်ဒီ အသိပညလေးကို မျှဝေလိုပါသည်။အပြေပြလိုသည့်ကြောင်းအရာများက အနောက်တိုင်းက လာတဲ့

အသိပညာမျာဖြစ်ပါတယ်ဒါကြောင့်၈ခုပြောသွားပြီးရင်မြန်မာနိုင်ငံအတွက်ဘယ်ဟာတွေက ဘယ်လိုဆိုပြီး ပြန်ဆန်းစစ်ကြရမည်ဖြစ်ပါသည်။

ကိုယ့်သင်တန်းမှာ လာတက်တဲ့သူတွေအတွက်ဆိုတာထက် မိမိကိုယ်အတွက်လို့မြင်ရင် ပိုမှန်ပါလိမ့်မည် ထို့ကြောင့်အတွေ့အကြုံများပေါ်မူတည်ပြီး ပြန်လည်ဆန်းစစ်ကြပါရန်တိုက်တွန်းလိုပါသည်။


1. Self-direction

သင်တန်းဆရာ၊ဆရာမတွေအနေနှင့် အရင်ဆုံးသိထားသင့်တာကတော့ သင်တန်းသားတွေက ကိုယ်သင်တဲ့အတိုင်း သူတို့တွေးမှာ မဟုတ်ဘူးဆိုတာကိုခေါင်းထဲအရင်ထဲ့ထားရပါမယ်။ ဘာကြောင့်လဲဆိုတော့

လူတွေကသူတို့ရဲ့အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီးတော့လေ့လာတက်ကြလို့ပါ သူတို့နည်းသူတို့ဟန် ကအလဲ လေ့လာသူတွေအတွက်မှန်နိုင်တယ်ဆိုတာထဲ့တွေးပေးထားရပါမယ်။

များသောအားဖြင့် Adult တွေဟာ သင်ယူတယ်လို့ထင်တာထက် သူများခိုင်းတယ်လို့ထင်ပြီးလိုက်မလုပ်တက်ကြပါဘူး။ သူတို့လုပ်ချင်တာလုပ်နေတက်ကြပါတယ်။ ဥပမာ(လက်တွေ့သင်ခန်းစာတွေလုပ်တဲ့အချိန်မှာ

လူတွေအကုန်လုံးက အဆင့်အတိုင်းသွားနေတဲ့အချိန်မှာ ကိုယ်ခိုင်းတာထက်ကျော်ပြီးလုပ်တာမျိုးတွေကြုံဖူးပါလိမ့်မယ်။ ဒါကြောင့်အသေးစိတ်ပြောတာထက် Outline ပေးလိုက်တာက ပိုပီးကောင်းပါလိမ့်မယ်)


2. Practical and results-oriented


Training ကိုလာတဲ့အခါမှာ လက်တွေ့ကျတဲ့အရာတွေကိုပဲ လုပ်ချင်ကြတယ်။ တချို့လူတွေက သင်တဲ့ tool တိုင်းကိုစိတ်ဝင်စားချင်မှစိတ်ဝင်စားပါလိမ့်မယ်။ သုံးချင်မှလည်း သုံးလိမ့်မယ်။

တယောက်နဲ့တယောက်က သူတို့လိုအပ်ချက်အပေါ်မူတည်ပြီးတော့စိတ်ဝင်စားမှုကွာသွားပါလိမ့်မယ်။ ကိုယ့်အတွက်အဆင်ပြေမယ့်အသုံးဝင်တာမျိုးကိုပဲ ရွေးပြီး သုံးတတ်ကြပါတယ်။

Eg :ဒီလိုလက်တွေ့ကျတဲ့အရာတွေကိုပဲ adult learner တွေက လိုချင်တဲ့အခါမှာ ဘာလုပ်ကြမလဲ။ပြီးတော့တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ကလည်း လုပ်တဲ့အလုပ်အပေါ်မူတည်ပြီး ကွဲပြားတတ်တယ်။

That’s why don’t fix the agenda. သင်တန်းအတွင်းမှာ လိုအပ်ချက်အပေါ်မူတည်ပြီး အပြောင်းအလဲတွေ လုပ်ရပါမယ်။ သင်မယ့်သူဖြစ်တဲ့အတွက်ကိုယ်သင်မယ့် tools တွေအကုန်ကိုသေချာလေ့လာပြီး 

အသုံးပြုရပါမယ်။ကိုယ်စိတ်မဝင်စား ကိုယ့်အတွက်အသုံးမဝင်တဲ့ tool ဖြစ်ရင်တောင်ကိုယ်ပြန်သင်မယ်ဆိုရင်ကိုယ်တိုင်အသုံးပြုြပီး လေ့လာကည့်ဖို့လိုပါတယ်။


3. Less open-minded

အပြောင်းအလဲတွေ သိပ်မလုပ်ချင်တော့။ လက်မခံနိုင်တော့။အတွေ့အကြုံအားဖြင့်အသက်ကြီးနေပြီဖြစ်လို့တခုခုဆိုနားချဖို့လိုအပ်ပါတယ်။ နောက်အမြဲတမ်း “ဘာကြောင့်

လဲ” ဆိုတဲ့မေးခွန်းက အမြဲလာမှာပါ။ Adult learner တွေက အမြဲပဲ “ဘာကြောင့်လဲ” ဆိုတာ မေးပါတယ်။ဥပမာ - ခင်ဗျား password ကိုလုံလုံခြုံခြုံထားဖို့လိုအပ်တယ်လို့ပြောလိုက်ရင်ပထမဆုံးသူတို့ပြန်ပြောမှာက

“ဘာကြောင့်လဲ” ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့သူတို့တွေရဲ့စိတ်ကိုပြောင်းလဲခိုင်းဖို့က ခဲယဉ်းတတ်လို့ပါ။

Adult learner always ask question “Why”.

For eg. you need a strong password. Then they will ask “why”

coz it’s difficult to change their mind.

ရာထူးကြီးကြီးတွေကိုသွားပြီးတော့ convince လုပ်ရင်ပိုပြီး ခက်ခဲတတ်ပါတယ်။ သူတို့က ပိုပြီး နားချရခက်ပါတယ်။

အလုပ်များတဲ့သူဖြစ်တဲ့အတွက်တချို့အလုပ်တွေက သူတို့ကိုယ်တိုင်လုပ်တာမျိုး မရှိတော့ဘဲ လက်ထောက်တွေနဲ့လွှဲထားတာမျိုးတွေရှိတတ်ပါတယ်။



4. Slower learning, yet more integrative knowledge

သင်ကြားတဲ့အခါမှာ ထပ်ခါထပ်ခါပြောပေးဖို့လိုပါတယ်။ သူတို့လေ့လာတာ နှေးပါတယ်။ ဘယ်သွားရမယ်၊ ဘာလုပ်ရမယ်ခဏခဏပြောရပါတယ်။ ဒါကိုစိတ်အနှောက်အယှက်မဖြစ်ပါနဲ့။ ဘာလို့လဲဆိုတော့ဒီလူတွေက သင်ယူနေတဲ့အချိန်အတောအတွင်းမှာပဲ အကြောင်းအရာတွေ အများကြီးကိုဆက်စပ်ဖို့စဉ်းစားတတ်လို့ပါ။ Younglearner တွေက မှတ်မိဖို့ ကြိုးစားတတ်တယ်။ Adult learner တွေကတော့အဖက်ဖက်ကနေ အကြောင်းအရာေတွကိုချိတ်ဆက်ဖို့စဉ်းစားတယ်။ အလုပ်သဘောသဘာဝအရ၊ ဖြစ်တည်မှုအရ၊ အစရှိသဖြင့်အခြားသဘောသဘာဝတွေနဲ့ပါ ဆက်စပ်စဉ်းစားပြီး သဘောပေါက်နားလည်သွားတတ်ကြပါတယ်။


5. Use personal experience as a resource

Adult Learner တွေမှာ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ လူတွေက သူတို့အတွေ့အကြုံတွေပေါ် အခြေခံြပီး လေ့လာတတ်ကြပါတယ်။ သူတို့ behavior တွေကိုမပြောင်းလဲခင်သူတို့အတွေ့အကြုံတွေကြောင့်ခက်ခဲနိုင်တာကိုနားလည်ပေးရပါမယ်။

For eg, when asking them to download app from play store

they might wanna get the app from shop or friend.

ဒါကြောင့်သူတို့ကိုဘာကြောင့်ဆိုတာ သေချာရှင်းပြပေးဖို့လိုအပ်ပါတယ်။


6. Motivation

ကျောင်းသားကျောင်းသူတွေက လေ့လာဖို့ဆိုတာက လုပ်ကိုလုပ်ရတဲ့ကိစ္စပါ။ Adult တွေကကျတော့သူတို့လေ့လာဖို့အတွက် motivation လိုပါတယ်။

တချို့ကကျ သူတို့လာချင်လို့လာတယ်။ တချို့ကကျ တယောက်ယောက်က သို့မဟုတ်အဖွဲ့အစည်းက လာခိုင်းလို့လာရတယ်။သူတို့လိုက်လုပ်မလား၊ သင်ချင်လားဆိုတာ သူတို့ဆုံးဖြတ်ချက်ဖြစ်သွားပါပြီ။

သင်တန်းကိုလာတက်တဲ့သူတွေ ဘာကြောင့်လာတက်တာလဲသိဖို့အရေးကြီးပါတယ်။

If they come by their own decision, it’s easier to teach them.


7. Multi-level responsibilities

It’s about respect. They have family, friends.

Going to a training, it’s a lot of time.

လာတဲ့သူတွေမှာ မိသားစုကိစ္စတွေ၊ အလုပ်ကိစ္စတွေ အများကြီးရှိပါတယ်။

အချိန်ပေးပြီး သင်တန်းကိုလာလို့အထက်လူကြီးတွေက ကိုယ်လုပ်ရမယ့်အလုပ်ရဲ့ deadline ကိုရွှေ့ပေးရမှာမဟုတ်ဘူး။

အခြားအလုပ်ကိစ္စတွေလည်း ရှိနိုင်တဲ့အတွက်သင်တန်းကိုလာတဲ့သူတွေက အချိန်ပေးနိုင်မှုအကန့်အသတ်ရှိနိုင်ပါတယ်။ ကိုယ့်ဘက်က လေးစား နားလည်ပေးဖို့လိုအပ်ပါတယ်။


8. High Expectations

အချိန်ပေးပြီး လာရတာဖြစ်တဲ့အတွက်သူတို့မှာ မေ ျှာ်လင့်ချက်အကြီးကြီးတွေနဲ့လာတာမျိုးတွေလည်း ရှိနိုင်ပါတယ်။မေ ျှာ်လင့်ထားတဲ့အတိုင်းအတာကိုဖြည့်ဆည်းပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။